ငွေကြေးဆိုင်ရာကတ်များ

dz card သည် ဘဏ်များနှင့် ငွေကြေးအဖွဲ့အစည်းများအတွက် ကတ်အမျိုးအစားအားလုံးကို ထုတ်လုပ်သည့် အတွေ့အကြုံရှိပြီး ကျွမ်းကျင်မှုမြင့်မားသော ဒေသတွင်း ထုတ်လုပ်သူတစ်ဦးဖြစ်သည်။

dz card သည် ပြည့်ဝစုံလင်သော ထုတ်ကုန်နှင့် ဝန်ဆောင်မှုအမျိုးအစားအမျိုးမျိုးကို ဝန်ဆောင်မှုပေးနေသော EMV ကတ်လုပ်ငန်းအတွက် သူမတူသော ပါတနာဖြစ်ပါသည်။ ကျယ်ပြောစုံလင်သော၊ နောက်ဆုံးပေါ် EMV ချစ်ပ်ပလက်ဖောင်းမျိုးစုံကို ကျွန်ုပ်တို့က ပံ့ပိုးဆောင်ရွက်ပေးပါသည်။

dz card သည် ဒေသတွင်း၌ EMV ကတ်သန်းပေါင်းများစွာ ပံ့ပိုးဆောင်ရွက်ပေးခဲ့သော အောင်မြင်ခဲ့သည့် EMV ပရောဂျက်မြောက်များစွာမှ ကျယ်ပြန့်လှသော အတွေ့အကြုံရှိပါသည်။ dz card သည် အတိုင်းအတာ များပြားလှသော EMV လဲလှယ်ခြင်းနှင့် အလားတူ နေ့စဉ်လက်ရှိသုံးနေသော ကတ်အသစ်လဲခြင်းနှင့် အစားထိုးလဲပေးခြင်းများကိုလည်း ဆောင်ရွက်ပေးပါသည်။

dz card သည် MasterCard နှင့် Visa ကတ်တို့၏ အသိအမှတ်ပြုမှုဖြင့် လုံခြုံမှုရှိသော အရည်အသွေးမြင့် EMV ကတ် ထုတ်လုပ်ခြင်းနှင့် ထိုင်း၊ မလေးရှားနိုင်ငံများတွင် တစ်ဦးချင်းနှင့် ကိုက်ညီအောင် ဆောင်ရွက်ပေးခြင်း၊ ဖိလစ်ပိုင်တွင် EMV ကတ်များကို တစ်ဦးချင်းနှင့် ကိုက်ညီအောင်ဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်ပေးပါသည်။ လိုအပ်ပါက ကျွန်ုပ်တို့၏ အဆင်ပြေစေရေးပံ့ပိုးမှုများက တစ်ဦးနှင့် တစ်ဦးအကြားအတွက် ဘက်ခ်အပ်ဝန်ဆောင်မှုကိုလည်း ပံ့ပိုးပေးပါသည်။

dz card ၏ ဝန်ဆောင်မှုများကို အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်းရယူခြင်းအားဖြင့် ကတ်ထုတ်ပေးသူများသည် စရိတ်အမြောက်များကို ချွေတာနိုင်ကာ နည်းပညာဆိုင်ရာ အထူးကျွမ်းကျင်ဝန်ထမ်းများကို ခန့်ထား၊ လေ့ကျင့်ပေးရခြင်းကိုလည်း ရှောင်လွှဲနိုင်ပါသည်။ ဒေတာကြိုပြင်ဆင်ခြင်းနှင့် စံမီ EMV ဒက်ဘစ်/ခရက်ဒစ်အပလီကေးရှင်းကို တစ်ဦးချင်းနှင့် ကိုက်ညီအောင်လုပ်ဆောင်ပေးခြင်းတို့အပြင် စိတ်ကြိုက် နောက်ထပ် အက်ပ်လတ် ခေါ် အပလီကေးရှင်းအသေးစားများကို ရယူ၍ စိတ်ကြိုက်လုပ်ပေးနိုင်ပြီး လိုအပ်ပါက ATM အပလီကေးရှင်းများကဲ့သို့သော ဖောက်သည်တစ်ဦးချင်းအတွက် ဖြေရှင်းဖန်တီးပေးမှုများကို ဆောင်ရွက်ပေးပါသည်။

နောက်ဆုံးအနေဖြင့် dz card သည် အီးမေးလ်/စာပို့ပေးသော ပရိုဂရမ်ထုတ်ပေးခြင်းနှင့် ကတ်ဖြန့်ဖြူးပေးခြင်းတို့အပါအဝင် ဖောက်သည်စိတ်ကျေနပ်ရေး ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးပါသည်။

Contact Us | Press Center | dz Careers | Forums | Support